photo message-gifs-247_zpsb5a2e2ff.gif

Thursday, July 5, 2012

ကျွန်တော်တို့သိသလောက်လေးမျှဝေပေးမယ်
ဒီလိုဗျာ ကွန်ပျုတာပညာကို စိတ်ဝင်စားတဲ့ သူငယ်ချင်း အချင်းချင်း နောက်ချင်ပြောင်ချင်လို့
Virus သေးသေးလေးတွေရေးပြီး စချင်တယ်ဆိုရင်လေ၊ အဲ့လိုစနောက်တဲ့အခါ ဘယ်လိုဖြေရှင်း ရမယ်ဆိုတာရယ်ကိုရေးပေးမလို့ပါ။
Virus ဆိုပေမယ့် သာမန် vbs တို့ bat တို့နဲ့ ရေးထားတဲ့ program သေးသေးလေးပါ။
အနှောက်အရှက်နဲနဲဖြစ်စေလို့ Virus သေးသေးလို့ပြောတာ။ ဒါပေသိ Antivirus တော်တော်များများက မသိတဲ့ format တွေဖြစ်ပါတယ်။

Cursor ချလိုက်တဲ့နေရာတိုင်းမှာ I Love You. ဆိုတဲ့ စာလေးတွေအများကြီးရေးပေးနေမယ့် program လေးကို
ဒီလိုရေးပါတယ်။

Set wshShell = wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "I Love You."
loop

အပေါ်က စာလေးတွေကို notepad ထဲမှာထည့်ပြီး ဖိုင် save တဲ့အခါ filename.vbs လို့ရေး save ပါ။
သူငယ်ချင်းရဲ့ မွေးနေ့မှာ စချင်ရင်တော့ I Love You. နေရာမှာ Happy Birthday  လို့ပြောင်းရေးပေါ့။
အခု လာမယ့် Christmas မှာ စချင်နောက်ချင်ရင်တော့ Merry Christmas လို့ပြောင်းရေးပေးပေါ့။
ကိုယ်ကြိုက်ရာသာရေးပါ။ မြန်မာလိုသာမရတာ အင်္ဂလိပ်လိုတော့ ကြိုက်တာရေးပါ။
ပြီးရင် ကိုယ်ဘာနဲ့ကိုယ် run ကြည့်ဦးနော့။
ဖြေရှင်းနည်း ....
Ctrl+Alt+Delete ကိုတွဲနှိပ်ပြီး Task Manager ကိုဖွင့်ပါ။
Processes tab ထဲက wscript.exe ကို End Process လုပ်လိုက်ရင် ရပါပီ။
program ကို run ထားပြီး မဖြေရှင်းပဲထားတာကြာသွားပီဆိုရင်တော့ နောက်ထပ် wscript.exe တစ်ခုထပ်ရှိနေနိုင်ပါတယ်။
Processes ထဲမှာ ထပ်ရှာပြီးဖြေရှင်းပါ။ ခေါင်းရှုပ်မခံချင်ရင်တော့ restart သာချလိုက်ပါ ရပါတယ်
မျှဝေသူ
ပညာဒီပ

No comments:

Post a Comment

yekyi0072@gmail.com