photo message-gifs-247_zpsb5a2e2ff.gif

Sunday, July 22, 2012





ဘုရားရှင်ရဲ့အဆိုအမိန့်အတိုင်း ခြေလှမ်းတိုင်းကို
အများအကျိုးအတွက်
ကျွန်တော်တို့ဆောင်ရွက်နေပါတယ်


မျှဝေသူ
ပညာဒီပ 

Monday, July 16, 2012

ကျွန်တော်လုပ်နိုင်အောင်လုပ်နေပါတယ်နော်

ကျွန်တော်တို့ဘလော့လေးကို သူများတွေလို website ဖြစ်အောင် ပြင်နေရင်းနဲ့ ပို့စ်အသစ်တွေမတင်နိုင်ဘူးဖြစ်နေတယ်နော်...............
ဒီတော့ ပို့စ်အသစ်တွေကို website ကျမှဘဲဖတ်ဖြစ်အောင်ဖတ်လိုက်ပါ။
နောက်ပြီးတော့ သင်တန်းလည်းပြနေရတော့ပိုဆိုးတာပေါ့
ပို့အသစ်လေးတွေကို နောက်မှပဲစုတင်တော့မယ်နော်.........


မျှဝေသူ
ပညာဒီပ

Monday, July 9, 2012

မေးလ်တွေထဲမှာ Attachment ကိုလွယ်ကူစွာမြင်ရနည်း

မေးလ်တွေ ထဲမှာ attachment ကို လွယ်ကူစွာ မြင်ရနည်း
အခု မိမိတို့ ကွန်ပျူတာတွေမှာ Firefox တွေကို မိမိတို့ စိတ်ကြိုက် ပေါင်းစပ် အသုံးပြုလို့ ရနိုင်မဲAdd-on တွေကို ကျွန်တော် တင်ပြမှာဖြစ်ပါတယ်
မိမိမေးလ်တွေမှာ မေးလ်တွေကိုသိသာစွာ မြင်နည်း
  • 1. မိမိမေးလ်ထဲမှာ ပို့တဲ့အကြောင်းအရာတွေကို စာပို့ထားတဲ့ မေးလ်ဆို မေးလ် သီချင်းဆို သီချင်း ညာဘက်ခြမ်းမှာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
  • 2. ပထမ ဒီဆိုဒ်ကို ၀င် လိုက်ပါ။ https://addons.mozilla.org/en-US/firefox/addon/6076 Add to Firefox ကို click လိုက်ပါ။
  • 3 box အသေးတစ်ခုကျလာပါမည်။ Install Now ဆိုတာလေး ကို click လိုက်ပါ။
  • 4Install စလုပ်ပါလိမ့်မည်။
  • 5. ပြီးရင် Firefox ကို Restart ချဖို့ ပြောပါလိမ့်မည် Restart ပေးလိုက်ပါ။ ပြီရင် မေးလ်ကို ဖွင့်ကြည့်လိုက်ပါ။ မေးလ်ထဲမှာ attachment ပုံတွေကိုမြင်ရပါလိမ့်မယ် ပေါ်လာပါလိမ့်မည်။
 
 
 
မျှဝေသူ
ပညာဒီပ 




 

ထင်သလောက်တော့မလွယ်ဘူးနော်

ကျွန်တော်တို့ဒီဘလော့လေးဖြစ်အောင် အစ်ကိုများရဲသင်ကြားမှုကိုခံယူပြီးလုပ်ထားတာပါ
အသင်းရဲ့အကြောင်းလေးတွေကို နောက်များမှာ ဆက်တင်သွားပါ့မယ်
ဒီလောက်ဖြစ်အောင်ကိုဘဲ....................
 
 
လိုအပ်တာရှိရင်ကျွန်တော့်ကိုပြောခဲ့ပါ
ပညာဒီပ 

Friday, July 6, 2012

Virus သတ်တဲ့နည်းလေးပါ
ဒီနည်းလေး ကVirusတော်တော် များများ ကိုသတ်လို့ ရတဲ့နည်းပါ။ သူငယ်ချင်း တို့အတွက် ဖောက်သည် ချလိုက် ပါတယ်။အစ်ကိုတစ်ယောက်ဆိုဒ်ကတွေ့တာပါ။ သူငယ်ချင်း တို့လည်း သိရင် သိမှာပါ။ဒီနည်းနဲ့ W32 တို့Win Virus စတဲ့ဟိုအရင်ကVirusတွေတော့ ကောင်းကောင်းနိုင်ပါတယ်။ လွယ်လို့ အထင် မsmall နဲ့နော်၊ တကယ် စွမ်းတယ်။
၁. ကိုယ့်Computer ထဲကို ၀င်နေတဲ့Virus name ကိုသိအောင် လုပ်ပါ။
၂. Virus name ကိုသိရင်တော့Task Manager ကိုဖွင့်လိုက်ပါ။Process ထဲမှာVirus name ကိုရှာပြီး end task လုပ်လိုက်ပါ။
၃. Search ထဲကနေvirus name ဒါမှမဟုတ်*.exe လို့ရိုက်ထဲ့ ပြီးရှာလိုက်ပါ။Virus name နဲ့Virus လို့ထင်ရတဲ့ .exeတွေကိုDelete လုပ်ပြစ်ပါ။ (Application များကို မှားပြီး ဖြတ်မပြစ် ရန်သတိ ပြုပါ။)
၎. Computer ကို Restart ချလိုက်ပါ။Computerပြန်ပွင့်လာတဲ့အချိန်မှာError massageပြနေပါက (HKEY_LOCAL_MACHINE Software Microsoft Windows Current Version Run ထဲမှာ Virus name ကိုရှာ ဖြတ်ပါ။)
Safe mode မှ လုပ်လျှင် အဆင့် (၃)မှစတင်လုပ်ပါ။

"Flashy Virus သတ်နည်းလေးပါ"
ခုတလော Flashy ကိုက်နေလို့Flashy ကိုက်နေလို့ဆိုတဲ့ အသံတွေ တော်တော် ကြားနေရတယ်။ကျွန်တော့် သူငယ်ချင်း တော်တော် များများဆိုရင်Format ချပြီးWindowsတောင်ပြန်တင်ကျတယ်။ ဒါပေမယ့်Data Backupတွေကနေ ပြန်ဝင်လာတာပဲ။Antivirus ကိုUpdate လုပ်ပြီး scan လုပ်တော့ မိတယ်ဗျာ။ ဒါပေမယ့် ခြေရာ တွေတော့ ကျန်ခဲ့တယ်။ ဒီပြဿနာမျိုးတွေနဲ့ ကျုံနေတဲ့ သူငယ်ချင်း တွေအတွက်......

၁. Antivirus software တစ်ခုကို သွင်းပါ။
၂. Virus definition ကို update လုပ်ပါ။
၃. Computer ကိုfull scan run ပါ။
၎. ရှာဖွေ တွေ့ရှိတဲ့ Virus နဲ့Trojan များကိုရှင်းပစ်ပါ။ Virus များနဲ့Trojan များကို ရှင်းပြီး သည့်တိုင် Flashy ရဲ့ ခြေရာလက်ရာ များတော့ ကျန်ခဲ့ ဦးမည်။
၅.Internet connection ကိုဖြုတ်ပါ။
၆. Start > Run ထဲတွင်regedit ဟုရိုက် ထဲ့လိုက်ပါ။
၇. Registry Edictor ထဲကိုရောက်သွား ပါမယ်။
၈. HKEY_LOCAL_MACHINE Software Microsoft Windows CurrentVersion Run သို့ ရောက်အောင် သွားပါ။ ပြီးလျှင် "Flashy Bot"=% System % Flashy.exe ဟူသော စာသား ကိုရွေးပြီး ဖျက်ပါ။
၉. Folder Option ကို ပြန်လည်ဖော်ရန် HKEY_CURRENT_USER Software Microsoft Windows CurrentVersion Policies Explorer သို့ရောက်အောင်သွားပါ။"NoFolder Options"="1" ဟူသော စာသားကိုဖျက်လိုက်ပါ။
၁၀.File extension များပျောက် နေတာနဲ့Hiddenဖြစ်နေတာကိုတော့ HKEY_CURRENT_USER Software Microsoft Windows CurrentVersion Policies Explorer Advanced ထဲတွင်"HideFile Ext"="1" နှင့်"Hidden"="2" ဟူသော စာသားများကို ဖျက်လိုက်ပါ။
ဒါဆိုရင် သူငယ်ချင်ရဲ့Computer ကို ဒုခပေးနေတဲ့Flashy အစတောင် ရှာလို့ မရတော့ဘူး။
ကျွန်တော်တို့အဓိကထားတာကတော့ ကွန်ပျူတာကို လူတိုင်းကျွမ်းကျင်အောင်နဲ့ လက်တွေ့အသုံးချနိုင် အောင်ပါဘဲ ဘာတွေဘယ်လောက်ပဲတိုးတက်တက် ဒီနေ့ထိအောင် လူတိုင်းကွန်ပျူတာနဲ့မရင်းနှီးသေးကြပါဘူး ၊ ဒီတော့လူငယ်တွေ့ ကွန်ပျူတာကို ရင်းနှီးကျွမ်းဝင်လာအောင် သင်ကြားပေးမယ် ၊ ဖြစ်နိုင်ရင် ကွန်ပျူတာဆိုတာ နေ့စဉ်သုံးတစ်ခုလိုဖြစ်အောင် လေ့ကျင့်ပေးသွားမှာပါ


ကျွန်တော်သိထားသမျှ

ကျွန်တော်သိထားသမျှ မျှဝေပေးချင်ပါတယ် ၊ အားလုံးမဟုတ်တောင်မှ အနည်းနဲ့အများ အကျိုးရှိမယ်ထင်ပါတယ် ကျန်တာတွေမသိချင်နေမယ် ၊ နည်းပညာပိုင်းတော့ အခြေခံလောက်ကို ထဲထဲဝင်ဝင်သိအောင်လုပ်နိုင်လိမ့်မယ် ထင်ပါတယ် ကဲဆက်ကြည့်လိုက်ပါနော်

Thursday, July 5, 2012

ကျွန်တော်တို့သိသလောက်လေးမျှဝေပေးမယ်
ဒီလိုဗျာ ကွန်ပျုတာပညာကို စိတ်ဝင်စားတဲ့ သူငယ်ချင်း အချင်းချင်း နောက်ချင်ပြောင်ချင်လို့
Virus သေးသေးလေးတွေရေးပြီး စချင်တယ်ဆိုရင်လေ၊ အဲ့လိုစနောက်တဲ့အခါ ဘယ်လိုဖြေရှင်း ရမယ်ဆိုတာရယ်ကိုရေးပေးမလို့ပါ။
Virus ဆိုပေမယ့် သာမန် vbs တို့ bat တို့နဲ့ ရေးထားတဲ့ program သေးသေးလေးပါ။
အနှောက်အရှက်နဲနဲဖြစ်စေလို့ Virus သေးသေးလို့ပြောတာ။ ဒါပေသိ Antivirus တော်တော်များများက မသိတဲ့ format တွေဖြစ်ပါတယ်။

Cursor ချလိုက်တဲ့နေရာတိုင်းမှာ I Love You. ဆိုတဲ့ စာလေးတွေအများကြီးရေးပေးနေမယ့် program လေးကို
ဒီလိုရေးပါတယ်။

Set wshShell = wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "I Love You."
loop

အပေါ်က စာလေးတွေကို notepad ထဲမှာထည့်ပြီး ဖိုင် save တဲ့အခါ filename.vbs လို့ရေး save ပါ။
သူငယ်ချင်းရဲ့ မွေးနေ့မှာ စချင်ရင်တော့ I Love You. နေရာမှာ Happy Birthday  လို့ပြောင်းရေးပေါ့။
အခု လာမယ့် Christmas မှာ စချင်နောက်ချင်ရင်တော့ Merry Christmas လို့ပြောင်းရေးပေးပေါ့။
ကိုယ်ကြိုက်ရာသာရေးပါ။ မြန်မာလိုသာမရတာ အင်္ဂလိပ်လိုတော့ ကြိုက်တာရေးပါ။
ပြီးရင် ကိုယ်ဘာနဲ့ကိုယ် run ကြည့်ဦးနော့။
ဖြေရှင်းနည်း ....
Ctrl+Alt+Delete ကိုတွဲနှိပ်ပြီး Task Manager ကိုဖွင့်ပါ။
Processes tab ထဲက wscript.exe ကို End Process လုပ်လိုက်ရင် ရပါပီ။
program ကို run ထားပြီး မဖြေရှင်းပဲထားတာကြာသွားပီဆိုရင်တော့ နောက်ထပ် wscript.exe တစ်ခုထပ်ရှိနေနိုင်ပါတယ်။
Processes ထဲမှာ ထပ်ရှာပြီးဖြေရှင်းပါ။ ခေါင်းရှုပ်မခံချင်ရင်တော့ restart သာချလိုက်ပါ ရပါတယ်
မျှဝေသူ
ပညာဒီပ
ကွန်ပျူတာမှာ Virus အကိုက်ခံထားခြင်း ရှိမရှိ စစ်ဆေးခြင်း
Antivirus Software တင်မထားမိလို့ မစိုးရိမ်ပါနဲ့။
Software မရှိဘဲ စစ်တဲ့ နည်းတွေ တော်တော်များများ ရှိပါတယ်။
အရင်ဆုံး စစ်သင့်တာက….

- Tools Menu က Folder Options ပျောက်နေ ပါသလား။
- Command Prompt, Registry, Task Manager ကိုဝင်တိုင်း ကွန်ပျူတာ Restart ကျသွားပါသလား။
- Administrator Account ဖြစ်ရဲ့ သားနဲ့ Registry Editor, Task Manager ဖွင့်မရ ဖြစ်နေပါသလား။
- Hidden Files, Hidden System Files တွေကို ဖော်မရ ဖြစ်နေပါသလား။
- Folder တွေကို Double Click နှိပ်လိုက်တိုင်း My Documents Folder ပဲ
ပေါ်နေသလား၊ ဒါမှမဟုတ် Folder လည်း မပွင့် ဘာမျှလည်း တက်မလာ ဖြစ်နေပါသလား။
- Memory Stick ရဲ့ Drive ပေါ်မှာ Right Click နှိပ်လိုက်ရင် Open က ထိပ်ဆုံး ရောက်နေမယ့် အစား Auto play က ထိပ်ဆုံး ရောက်နေပါသလား။
- Drive တွေ၊ Memory Stick တွေကို double Click နှိပ်လိုက်တိုင်း Open With Box ပဲ ပေါ် နေပါသလား။
- Memory Stick ထဲက Folder တွေပေါ်မှာ Right Click နှိပ်ပြီး Properties
ကိုရွေးရင် Type မှာ File Folder လို့ ပေါ်မယ့်အစား Application လို့
ပေါ်နေပါသလား။
- My Folder ဆိုတဲ့ Folder အောက်မှာ My Folder. exc  ကို တွေ့  နေရပါသလား။
(ဆိုလိုသည်မှာ Folder ၏ နာမည်နှင့် တူသော exc ၀င်ရောက် နေပါသလား။)
- Task Manager ကို ဖွင့်ပါ။ (Ctrl + Alt + Del) Flashy, Fun, New Folder
စတဲ့ Process တွေ Run နေသလား ကြည့်ပါ။ ( Run နေတယ် ဆိုရင် ဘယ် Memory
Stick မှ မတတ်ပါနှင့်။ Virus ချက်ချင်း ကူးဆက် ခံရနိုင်ပါတယ်။ Stick ကို
Format ချလည်းအပိုပါပဲ။ ကိုယ်ကို Format ချပြီးတာနဲ့ Virus
ကပြန်ဝင်နိုင်ပါတယ်။ )
- အထက်ပါ အချက်တွေထဲက တစ်ခုခု စက်မှာ ဖြစ်နေပြီဆိုရင် သေချာသလောက်နီးပါး
Virus သို့မဟုတ် trojan သို့မဟုတ် spyware တစ်ခုခု စက်ထဲမှာရှိနေပြီလို့
ယူဆနိုင်ပါတယ်။ အခြား စစ်ဆေးနည်းတွေလည်း အများကြီးရှိပါသေးတယ်။


ပညာဒီပ
ကျွန်တော်တို့ဘလော့လေးကို လာလယ်ကျတဲ့သူတွေ့အတွက် ကျွန်တော်တို့အသင်းက စုံစုံလင်လင်ဖြစ်အောင်ကျိုးစားနေပါတယ် အခုလောလောဆယ်တော့ နည်းပညာစာအုပ်တွေ့ကို တင်နိုင်အောင်လုပ်နေပါတယ် ။ နည်းပညာစာအုပ်တွေကို ဒေါင့်လုပ်လင့်တွဲဘို့နဲ့ Preview ဖတ်ဖို့စီစဉ် နေရတော့ နည်းနည်းကြာမှာကို သီခံစေချင်ပါတယ်။
နည်းပညာကို ကျွန်တော်တို့က ဆရာလုပ်ခြင်းမဟုတ်ဘဲ ၊ မျှဝေခြင်းမျှသာဖြစ်ပါတယ်

ပညာဒီပ